လ - နိုဝင်ဘာ 2018

ငြိမ်ဝပ်စွာ ပြသည့် သက်သေ

အေမီသည် ဧဝံဂေလိတရားမဟောပြောရန် တားမြစ်ထားသည့် တံခါးပိတ်ဝါဒ ကျင့်သုံးသောနိုင်ငံ၌ နေထိုင်သည်။ သူသည် သူနာပြုသင်တန်းဆင်းတစ်ဦး ဖြစ်ပြီး မွေးကင်းစကလေးများကို ကြည့်ရှုပြုစုသည့်တာဝန်ဖြင့် ဆေးရုံကြီးတစ်ရုံ၌ အလုပ်လုပ်သည်။ သူသည် သူ၏အသက်မွေးဝမ်းကျောင်းအလုပ်ကို ကျွမ်းကျင် ပိုင်နိုင်စွာ တစိုက်မတ်မတ် လုပ်ဆောင်သဖြင့် နာမည်ကောင်းရသည်။ အမျိုးသမီးများစွာက သူ့ကို အလွန်စိတ်ဝင်စားသည်။ သို့နှင့် သူတစ်ဦးတည်းရှိနေချိန်၌ သူ့ကို မေးခွန်းဝိုင်းမေးကြသည်။ ထိုအခါ အေမီက သူ၏ကယ်တင်ရှင်အကြောင်းကို ပွင့်ပွင့်လင်းလင်း ဝေမျှတော့သည်။

သူနာမည်ကောင်းရခြင်းကို မနာလိုသူအချို့က သူသည် ဆေးဝါးများခိုးယူသည်ဟု စွပ်စွဲကြသည်။ သူ၏အထက်အရာရှိ ကြီးကြပ်သူများက မယုံပါ။ နောက်ဆုံးတွင် ပြဿနာ၏ဇာစ်မြစ်ကို အာဏာပိုင်များက တွေ့ရှိ ဖော်ထုတ် နိုင်ခဲ့ကြသည်။ ဤအဖြစ်အပျက်ကြောင့် သူနှင့်ဘဝတူ သူနာပြုများက သူ၏ယုံကြည်ခြင်းကို မေးမြန်းစူးစမ်းလာ ကြသည်။ သူ၏စံနမူနာက ရှင်ပေတရု၏စကားကို သတိရမိ စေသည် (၁ ပေ ၂း၁၁-၁၂)။

ဘုရားသခင်ကို…

အစဉ်မပြတ်မစကူညီသူ

ကျောရိုး၌ ထိခိုက်ဒဏ်ရာရပြီးနောက် မာတီတစ်ယောက် အောက်ပိုင်းသေပြီး လမ်းမလျှောက်နိုင်တော့သောအခါ သူသည် ကျောင်းပြန်တက်ပြီး စီးပွား/စီမံမဟာဝိဇ္ဖာဘွဲ့ ကို ရယူရန်ဆုံးဖြတ်ခဲ့သည်။ မာတီ့အမေ ဂျူးဒီက သူ့ပန်းတိုင်ကို အကောင်အထည်
ဖော်နိုင်အောင် ကူညီမစခဲ့သည်။ သင်ခန်းစာအချိန်နှင့် စာဖတ်ချိန်များတွင် အမေ သူနှင့် အတူ ထိုင်ပေးပြီး မှတ်စုတိုများ မှတ်ပေးသည်။ ကွန်ပြူတာမှအစ နည်းပညာသုံး ပစ္စည်းများကို ကိုင်တွယ်အသုံးပြုပေးသည်။ ဒီပလိုမာဘွဲ့ယူရန် စင်မြင့်ပေါ်တက်ရောက်ချိန်၌လည်း အမေက အနီးမှ ထောက်မရပြန်သည်။ ဆီလျော်ပြီး လက်တွေ့ကျသည့် ကူညီမစမှုမျိုးကို မာတီ ရရှိခဲ့သဖြင့် မဖြစ်နိုင်ဟု ထင်ရသည့်အမှုက အကောင်အထည် ပေါ်လာ သည်။ ဖြစ်လာသည်၊

လောကကြီးမှ သူထွက်ခွာသွားလျှင် သူ့နောက်တော်လိုက် တပည့်တော်များ သည် ထိုကဲ့သို့ ကူညီမစမှုမျိုး လိုအပ်မည်ဟု သခင်ယေရှုသိသည်။ ခွဲခွာရမည့်အချိန် ရောက်တော့မည်၊ ၎င်းတို့သည် သန့်ရှင်းသော ဝိညာဉ်တော်အားဖြင့် ဘုရားသခင်နှင့် အသစ်သောဆက်သွယ်မှုဖြင့်…

မိခင်မေတ္တာ

စူး ငယ်စဉ်က သူ့မိဘနှစ်ပါးကွာရှင်းကြသောအခါ သူ့အား အုပ်ထိန်းခွင့်နှင့် ပတ်သက်၍ တရားဆိုင်ရင်း နောက်ဆုံးရလဒ် ထွက်လာသည့်အဖြေမှာ ကလေးသူငယ် စောင့်ရှောက်ရေးဂေဟာ၌ ခေတ္တသွားရောက်နေထိုင်ရန်ဖြစ်သည်။ စူးသည် ဂေဟာ၌ ကလေးအကြီးများ၏အနိုင်ကျင့်မှုကို ခံရပြီး အထီးကျန်လျက် စွန့်ပစ်ခံရသည်ဟု သူခံစား ရသည်။ အမေက သူ့ကို တစ်လတစ်ကြိမ် လာကြည့်သည်။ အဖေကတော့ လာလေ့မရှိပါ။ နှစ်အတန်ကြာပြီးနောက် သူ့မိခင်က ဂေဟာ၏စည်းကမ်းချက်အရ စူးကို မကြာခဏ လာတွေ့၍ မရကြောင်း၊ ခြံစည်းရိုးအပြင်ဘက်၌ နေ့စဉ် ရပ်လျက် သမီးကိုတွေ့ရရန် မျှော်လင့်မိကြောင်း၊ ‘‘တစ်ခါ တစ်လေ သမီးခြံဝင်းထဲမှာ ကစားနေတာကို ကြည့်ရင်း သမီးလေး အဆင်ပြေသားပဲ’’ ဟု သူ့ကို ပြောပြသည်။

စူးက ကျွန်တော့်ကို ဤအကြောင်းများ ပြောပြစဉ် ဘုရားသခင်၏မေတ္တာကို ကျွန်တော်ရိပ်ခနဲ မြင်မိသည်။ မိမိ၏ရုန်းကန်ရမှုများတွင် စွန့်ပစ်ခံရသည်၊ အထီးကျန်သည် ဟု ကျွန်တော်တို့…

မိမိ၌ရှိသည့်အရာ

ကျွန်မ၏သူငယ်ချင်းသည် မိသားစုနှင့်မိတ်ဆွေများကိုစုပြီး သူ့အိမ်၌ အားလပ်ရက် ပျော်ပွဲရွှင်ပွဲ ပြုလုပ်ရန် စိတ်ထက်သန်နေသည်။ မိသားစုနှင့် မိတ်ဆွေတိုင်းကလည်း ထိုပွဲကို မျှော်လင့်စောင့်စားလျက် အကျွေးအမွေး စားစရိတ်ကို ဝေမျှခံရန် အစားအသောက် အသီးသီး ယူလာမည်ဖြစ်သည်။ အချို့က ပေါင်မုန့်၊ အချို့က ဟင်းရွက်သုတ်၊ အချို့က အရံဟင်းများ စသည်ဖြင့် ယူလာမည်ဖြစ်သည်။ မိတ်ဆွေ တစ်ဦးကမူ ငွေကြေး အလွန်အကြပ်အတည်းဖြစ်နေသည်။ အခြားမိတ်ဆွေများနှင့် တွေ့ဆုံရမည့် ထိုပွဲကို သူမျှော်လင့် သော်လည်း အစားအသောက်တစ်ခုခုဝယ်ရန် သူ၌ ငွေလုံးဝ မရှိပါ။ ထို့ကြောင့် ပွဲလက်ခံကျင်းပပေးမည့် အိမ်ရှင်မိတ်ဆွေ၏ အိမ်ကို သန့်ရှင်းရေးလုပ်ပေးရန် သူကမ်းလှမ်းခဲ့သည်။

ဘာမှယူမလာဘဲ လက်ချည်းသက်သက် လာလျှင်လည်း သူ့ကို ကြိုဆိုမည်ပင်ဖြစ်သည်။ သို့သော် သူက သူပေးဆပ်နိုင်မည့် သူ့အချိန်နှင့် သူကျွမ်းကျင်သည့် အလုပ်ကို စိတ်နှလုံးအကြွင်းမဲ့ ယူဆောင်လျက် ပါတီပွဲသို့ လာခဲ့သည်။ ၎င်းသည်…

ဝှက်ထားသည့် အမှုတော်

ကျောင်းလုပ်ငန်းပရောဂျက်ကြီးတစ်ခုက ကျွန်မအပေါ် ဝန်ပိလျက် သတ်မှတ်ထားသော ရက်တွင် ပြီးစီးနိုင်ပါ့မလားဟု ကျွန်မစိတ်ပူမိသည်။ ထိုသို့ သောကပွားလျက် အတွေးများနေချိန်တွင် ကျွန်မကို အားပေးတတ်သည့် မိတ်ဆွေများထံမှ အားပေးသည့် စာတိုသုံးခုကို လက်ခံရရှိသည်။ စာသုံးခုစလုံး၌ ‘‘တို့ဆုတောင်းနေတဲ့အချိန်မှာ ဘုရားသခင်က မင်းကို စိတ်ထဲပေါ်လာစေတယ်’’ ဟု ရေးသား ထားသည်။ မထိုက်တန်ပါဘဲလျက်၊ ဤမိတ်ဆွေများသည် ကျွန်မဘာဖြစ်နေသည်ကိုမသိဘဲလျက် ကျွန်မကို ဆက်သွယ် အားပေးကြခြင်းအတွက် ကျွန်မအားတက်သွားပြီး ဘုရားသခင်သည် ၎င်းတို့ကို သူ၏မေတ္တာကို ဆောင်ကြဉ်း ပေးလာသည့် စေတမန်များအဖြစ် သုံးခြင်းဖြစ်သည်ဟု ကျွန်မယုံကြည်ပါသည်။

ကောရိ နသုအသင်းတော်သို့ ရေးသားပေးပို့သည့်စာ၌ ရှင်ပေါလုက ဆုတောင်းခြင်း၏တန်ခိုးကို သိမှတ်ခဲ့သည်။ ‘‘ထိုဘုရားသခင်သည် ငါတို့ကို ... ကယ်လွှတ်တော်မူပြီ။ ... သင်တို့သည် ကူညီ၍ ငါတို့အဖို့ ဆုတောင်းလျှင် နောက်၌လည်း ကယ်လွှတ်တော်မူလတံ့’’ (၂ ကော ၁း၁၀-၁၁)။…